Thursday, August 23, 2007


ငြိမ်းချမ်းစွာ အိပ်စက်နေပါလေ

ပုပ္ပါးတောင်ခြေမှာ

သူရွှာ ရှိနေရဲ

ပုပ္ပါတောင်းအနီးမှာ

ရူမငြီးတဲ့

ချစ်ဇနီးနဲ့ သား၊သူ ချန်ထာားခဲ့

သူမြေမှာ၊သူ မနေသာခဲ့

အရှေ့ ရဲ ခေါ်သံ သူနာခံခဲ့။

ညီအကိုတော်တွေနဲ့ 

သူအနေ ပျော်ခဲ့ပါရဲ့ 

ရိုးသားမူ နဲ့ နေတတ်သူ

ပွင့်လင်းတဲ့သူ

အလုပ်ကိုမြတ်နိုးသူ

အဆိုးဆုံးတွေကြားမှာနေသာကျတတ်သူ

လက်ရဲဇက်ရဲ

အမျက်ထွက်ခဲသူ

တကယ်တော့ သူဟာ အမှန်တရားမျာပျော်မွှေ့ သူပါ။

ဆောင်းမပြောင်း ၊နွေမကူးမှီ

ပေါင်းလောင်းမှာ နေဦးမယ်တဲ့

အစားအသောက် ဆင်းရဲပေမယ့်

ဓားကောက် ‘ချင်း’ ဆဲပါတဲ့။

သူ့ နှစ်မွှာ ရင်သွေးသားသစ်တို့  အတွက်

သူ့ ရာဇ၀င် ရေးထားရစ်ခဲ့မယ်တဲ့

ဒဏ်ရာအကျက်မှာ

ရန်တကာ သူထွက်တိုက်ဦးမယ်တဲ့

ပေါင်းလောင်းချောင်းနားမှာ

သူဖျားနာနေပေမယ့်

ဆင်သေတောင်ခြေမှာ သူအနေကြာပေမယ့်

မိုးကျရင် ရိုးမကူးမယ်တဲ့။

မျက်လုံးအကြည်ဓာတ်မှာ

ပြတ်သားမူတွေနဲ့ သူ

သတိမလွှတ်ဦးမညွှတ်ခဲ့သူ

အဆုံးထွက်သက်မှာ

အပြုံးမပျက်၊ကြုံးဝါးချက်နဲ့ သူ

ဝိဥာဉ်အလွင့်မှာ၊ကြည့်မြင်တာ မစွန့် ခဲ့သူ

ခန္တာကိုယ် အိုးစားအကွဲမှာ၊ ရန်တကာဖြို အငြိုးထားရဲခဲ့သူ

အခု…….သူ

ဒဏ်ရာဒဏ်ချက် တနင့်တပိုးနဲ့ 

ပေါင်းလောင်းမြစ်ရိုးတလျောက်မှာ

သွေးသောက်ညီနောင် နှစ်ယောက်နဲ့ အတူ

အင်အားချင်း မမျှတဲ့

သုံးယောက်နဲ့ တခွဲ

အဒီနေ့ က တိုက်ပွဲမှာ။

ဓားကိုဓား နဲ့ ၊တုံ့ ပြန်ခဲ့ကြ

လှံကိုလှံချင်း၊ တုံနှင်းခဲ့ကြ

မြင်းကိုမြင်းချင်း၊ စီးချင်းထိုးကြ

သွေးချင်းချင်း အံထွက်

ပုပ္ပါးမီိးတောင် ထပွက်သလို လျှံထွက်

ပေါင်းလောင်း ရေပြင်ထက်မှာ

အနီရောင်လက်စေခဲ့တယ်။

ပုပ္ပါးတောင်ထိပ်မှာ

ဝိဥာဉ်တို့ အိပ်စက်နေပါပြီး၊

ပုပ္ပါးတောင်ကလပ်မှာ

ရာဇ၀င်ကမ္မည်း ကပ်ခဲ့ပါပြီး၊

အဆုံးအဖြတ် နောက်ဆုံးတိုက်ပွဲမှာ

စိတ်ဓါတ်ခိုင်မာ မပြိုလဲတဲ့ ၀ိဥာဉ်တို့ 

အစဉ်ထာဝရ

ငြိမ်းချမ်းကြပါစေ

ဤကဗျာ အား ရေဆန်လမ်းသို့ အပြန်( နိုင်ဝင်းဆွေ) အမှတ်တရ ကဗျာစာအုပ် မှ ကူးယူးဖေါ်ပြပါသည်။

No comments: